မူဆယ်မြို့တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများအားလုံး မဲပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

မူဆယ် နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၌ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲစာရင်းတွင်ပါဝင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မူဆယ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်ကျော်စိုးနှင့် မူဆယ်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်လင်းတို့က ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲစာရင်းများမှန်ကန်စေရန်နှင့် မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲစာရင်းတွင်ပါဝင်နိုင်ရန် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များအား ပြောကြားခဲ့သည်။ ယင်းနောက် ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီကိုယ်စားလှယ်လောင်းများကသိရှိလို၍ မေးမြန်းချက်များကို ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးများက ပြန်လည်ဖြေကြားခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်ထွေး၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူများ၊ ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီကိုယ်စားလှယ်လောင်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုစာရေးများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)