လားရှိုးမြို့တွင် ပြည်နယ်အဆင့် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

လားရှိုး နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ပြည်နယ်အဆင့် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်သစ်တောဝင်းအတွင်းရှိ ချယ်ရီရိပ်သာရှင်းလင်းဆောင်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) အဖွဲ့ဝင် ဦးစိုင်းဝင်းနောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သစ်တောဦးစီးဌာနမှ တွဲဖက်ပြည်နယ်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမိုးမှ “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျော့ချရေးဆိုင်ရာ” သိကောင်းစရာများအား ဆွေးနွေးဟောပြောခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပြီး ဦးဆောင်ဆွေးနွေးသည့် ဒုတိယညွှန်ကြားရေးမှူးက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကာ တက်ရောက်လာသည့် ကျောင်းသားကျောင်းသူများအား ကျောင်းအသုံးအဆောင်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါဟောပြောပွဲသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း ၁၂၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/