မိုင်းဆတ်မြို့၊ လွယ်ဆောင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

မိုင်းဆတ် နိုဝင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ လွယ်ဆောင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက ဌာနဆိုင်ရာများပူးပေါင်းပြီး လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လေးဝင်းက “စာဖတ်ခြင်း၏အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဦးရဲဇော်ဦးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး အကြောင်းအရာများအားလည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကောင်းသက်နိုင်က အမှိုက်ခွဲခြားစွန့်ပစ်ခြင်းနှင့် ပလတ်စတစ်အန္တရာယ်အကြောင်းအား လည်း ကောင်း၊ အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စိတ်မှ ဒုရဲမှူး လှဘုန်းက လူကုန်ကူးမှု အဓိပ္ပာယ်၊ လူကုန်ကူးမှုပုံစံများ၊ ခေတ်နှင့်အညီ ပြောင်းလဲလာသည့် Online လိမ်လည်စည်းရုံးပုံ အလေ့အထများအားလည်းကောင်း အသီးသီးဆွေးနွေးဟောပြောသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် အမှတ်(၃)လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲစိတ်တို့က ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များနှင့် လူကုန်ကူးမှုအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေး စာအုပ်၊ စာစောင်များ ပြသပေးခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း