မူဆယ်မြို့၌ (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

မူဆယ် နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျောင်းပေါင်းစုံစာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်အား “အမျိုးသားအောင်ပွဲ တည်တံ့ဖို့ တိုင်းရင်းသားအားလုံး စည်းလုံးစို့” ‌ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်အား “အမျိုးသားအောင်ပွဲနေ့နှင့် လူငယ်တို့၏ တာဝန်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့်အား “အမျိုးသားနေ့” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျင်းပခဲ့ရာ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၄၅) ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရကျောင်းသား/ကျောင်းသူများအား နိုဝင်ဘာ (၁၄)ရက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)