မိုးနဲမြို့နယ်၌  သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုးနဲ နိုဝင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ သစ်တောဦးစီးဌာနမှ ကြီးမှူး၍ နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းက မိုးနဲမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းပုလဲဆောင်ခန်းမတွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပောာပြောပွဲတွင် မိုးနဲမြို့နယ်သစ်တောဦးစီးဌာနမှူး ဦးကျော်အောင်အောင်က သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ သိကောင်းစရာများကို ဟောပြောပို့ချခဲ့ပြီး တက်ရောက်လာသူဆရာ/ဆရာမနှင့် ကျောင်းသား/သူများက သိလိုသည်များကို မေးမြန်းခဲ့ရာ မြို့နယ်ဦးစီးဌာနမှူးမှ ပြန်လည်ဖြေကြားခဲ့ပြီး၊ သစ်ပင်စိုက်ပျိုးထိန်းသိမ်းရေး လက်ကမ်းစာစောင်များအား တက်ရောက်လာသူများထံ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲသို့ ဆရာ/ ဆရာမ (၆) ဦး၊ ကျောင်းသား/သူ ၁၂၁ ဦး စုစုပေါင်း ၁၂၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)