ကြည့်မြင်တိုင်မြို့နယ်၌ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကြေငြာခြင်းမပြုမီ စိစစ်ရေးအဖွဲ့ဖြင့် မဲဆန္ဒရှင်စာရင်း စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်‌‌ရွက်

ကြည့်မြင်တိုင်  နိုဝင်ဘာ   ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင်၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ ဆောင်‌‌ရွက်နိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာရပ်ကွက်များတွင်  စိစစ်ရေးအဖွဲ့ဖြင့် မဲဆန္ဒရှင်စာရင်းများ စစ်ဆေးခြင်းကို ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ ကွင်းဆင်းစိစစ်ရာတွင် စိစစ်ရေးအဖွဲ့ဝင်များက ပုံစံ(၃)ဖြင့်မဲစာရင်းတွင်အမည်ထည့် သွင်းပေးရန်တောင်းဆိုထားသူများ ပါဝင်မှုရှိမရှိ၊ မပါ၀င်သင့်သေးသူများပါ၀င်နေပါကပုံစံ(၄)ဖြင့် ကန့်ကွက်ထားသည်စာရင်းများ၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါကပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းသည့်အချက်များ မှန်မှန်စသည့် အချက်များကို စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)