ကျိုင်းတုံ နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၄ ရက်တွင် ကျရောက်မည့် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲကို နိုဝင်ဘာ ၁၁ ရက်က အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အလက(၃)တွင်ကျင်းပသည်။
ဟောပြောပွဲတွင် ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းရွှေအောင်က အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ၊ အမျိုးသားရေး တာဝန်များ၊ အမျိုးသားရေးစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ နိုင်ငံနှင့်လူမျိုး၏ အနာဂတ်ကို ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ကြရန်စသည့် အကြောင်းအရာများကို ဟောပြော ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပြီး ကျိုင်းတုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)