ရန်ကုန် နိုဝင်ဘာ ၁၁
မြန်မာနိုင်ငံမှ I.S.P.E FC အမျိုးသမီးဘောလုံးအသင်းနှင့် တောင်ကိုရီယားနိုင်ငံမှ SUWON FC အမျိုးသမီး ဘောလုံးအသင်းတို့၏ အာရှအမျိုးသမီး ချန်ပီယံလိဒ်ပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်ကို နိုဝင်ဘာ ၉ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပသည်။
ထိုသို့ မြန်မာနိုင်ငံမှ I.S.P.E FC အမျိုးသမီးဘောလုံးအသင်းနှင့် တောင်ကိုရီယားနိုင်ငံမှ SUWON FC အမျိုးသမီးဘောလုံးအသင်းတို့၏ အာရှအမျိုးသမီး ချန်ပီယံလိဒ်ပြိုင်ပွဲအုပ်စုအဆင့်ပွဲစဉ် ယှဉ်ပြိုင်နေမှုများကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ဘောလုံးပရိတ်သတ်များက ကြည့်ရှုအားပေးကြရာပွဲပြီးဆုံးချိန်တွင် တောင်ကိုရီယားနိုင်ငံမှ SUWON FC အမျိုးသမီး ဘောလုံးအသင်းမှ (၅)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာနိုင်ငံမှ I.S.P.E FC အမျိုးသမီး ဘောလုံးအသင်းသည် အာရှအမျိုးသမီး ချန်ပီယံလိဒ်ပြိုင်ပွဲ အုပ်စု(C)တွင် တောင်ကိုရီယားနိုင်ငံ၊ မြောက်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ အမျိုးသမီးကလပ်အသင်းများဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ကျန်ပွဲစဉ်များအဖြစ် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၂) ရက်နေ့တွင် ဂျပန်နိုင်ငံမှ TOKYO VERDY BELEZA အမျိုးသမီးဘောလုံးအသင်းနှင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၁၅)ရက်နေ့တွင် မြောက်ကိုရီယားနိုင်ငံမှ NAEGOHYANG FC အမျိုးသမီးဘောလုံးအသင်းတို့ဖြင့် ယှဉ်ပြိုင်ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)