ရပ်စောက်မြို့နယ်တွင် ဒုတိယအကြိမ် မဲစာရင်းကပ်ထားရာတွင်မဲဆန္ဒရှင်စာရင်းများမှန်ကန်စေရေး စိစစ်ဆောင်ရွက်

နိုဝင်ဘာ ရပ်စောက် ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ဒုတိယအကြိမ် မဲစာရင်းကပ်ထားရာတွင် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးစိစစ်ဆောင်ရွက်ခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက မြို့နယ်ကော်မရှင်ရုံးအစည်းဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရဲလင်းသူနှင့်တာဝန်ရှိသူများ၊ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် သက်ဆိုင်ရာပါတီများမှ ကိုယ်စားလှယ်လောင်းများ၊ ရပ်ကွက်/ ကျေးရွာများမှ အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ တက်ရောက်ကြသည်။

ထိုသို့ ရပ်ကွက်/ကျေးရွာများမှ အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၏ မဲဆန္ဒစာရင်းများ မှန်ကန်စေရေးဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက ဒုတိယအကြိမ်အဖြစ် မဲစာရင်းများမကြေငြာခင်ကာလအတွင်း မဲစာရင်းများမှန်ကန်စေရေး၊ မဲပေးပိုင်ခွင့်ရှိသူများမဲစာရင်းတွင်ပါရှိရေး၊ သေဆုံး၊ ခရီးလွန်၊ မြေပြင်မရှိ၊ ထောင်ကျ၊ သာသနာ့ဝင်များမပါဝင်ရေးတို့ကို အလေးထားဆောင်ရွက်ရန်အရေးကြီးကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ရပ်စောက်မြို့နယ်အနေဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စု (၃၂) အုပ်စု၏မဲစာရင်းများအား ယနေ့မှစတင်၍ တစ်ရက်လျှင် (၁၀)အုပ်စုတို့အား မဲစာရင်းမှန်ကန်ရေးစစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်း ထို့အပြင် ရပ်စောက်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီ (၉) ခုရှိကြောင်း မြို့နယ်ကော်မရှင်ရုံးမှတာဝန် ရှိသူတစ်ဦးထံက သိရသည်။

မြိုနယ်ပြန်/ဆက်