ရပ်စောက် နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် လူငယ်ရေးအရာအသိပညာပေး ဟောပြောပွဲနှင့် (၁၀၅)နှစ်မြောက်အမျိုးသားနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက အမှတ်(၅)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၁)အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာဟောပြောပွဲတွင် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုအောင်က လူငယ်နှင့်မူးယစ်ဆေးဝါး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေးစသည့်အကြောင်းအရာများကိုလည်းကောင်း ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းမွန်မွန်က (၁၀၅)နှစ်မြောက်အမျိုးသားနေ့ အထိမ်းအမှတ်အကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများအား အသိပညာဗဟုသုတရရှိစေရန်အတွက် ဆေးလိပ်အန္တရာယ်အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအသိပညာပေးနံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်များ ပြသခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်