ကျောက်မဲ နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်ရှိ အမှတ် (၃) နှင့် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းများသို့ ကျောက်မဲခရိုင်ဌာနဆိုင်ရာ ဝန်ထမ်းများက ယနေ့တွင်သွားရောက်၍ အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စန်းစန်းရီက ကလေးသူငယ်ဥပဒေပါ ကလေးသူငယ် အခွင့်အရေးဆိုင်ရာများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မူမူသိန်းက သဘာဘေးအန္တရာယ်အကြောင်းများနှင့် ဆောင်ရန် ရှောင်ရန်များ၊ ပတ်ဝန်းကျင်ထိန်းသိန်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိန်မောင်ဌေးက ရာသီဥတုပြောင်းလဲခြင်းအကြောင်းသိကောင်းစာရာများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းသိန်းက လူငယ်ဘဝ တိုးတက်ဖို့ စာအုပ်စာပေ ဖတ်ကြစို့ ခေါင်းစဉ်ဖြင့် အသီးသီး အသိပညာပေး ဟောပြောခဲ့ကြသည်။
ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာသည့် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများအား ဌာနဆိုင်ရာဝန်ထမ်းများက ၎င်းတို့၏ ဌာနထုတ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျောက်မဲခရိုင်ပြန်/ဆက်