တာချီလိတ် နိုဝင်ဘာ ၁၁
၂၀၂၅ ခုနှစ်၊အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်းများကို ဒုတိယအကြိမ် ကြေညာခြင်းမပြုမီမဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်းနှင့် လုပ်ငန်းများဆက်လက်စစ်ဆေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဠ ဦးကျော်စွာမျိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးမြတ်ကိုကိုဇော်မှ မဲစာရင်း ပြည့်စုံမှန်ကန်စေရေး အလေးထားဆောင်ရွက်ကြရန်နှင့် လူဝင်မူကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမူးဦးသက်ဆွေဦးမှ ပြောင်းဝင်/ပြောင်းထွက် စာရင်းများ၊ လူဦးရေစာရင်း ပြင်ဆင်၊ဖြည့်စွတ်၊ပယ်ဖျက်၊ အတည်ပြုခြင်းလုပ်ငန်းများနှင့် ပြည့်စုံမှန်ကန်သောမဲဆန္ဒရှင်စာရင်းရရှိစေရေးများအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဠနှင့်အဖွဲ့ဝင်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီစသည့်ပါတီအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာ ကော်မရှင်နှင့် အတွင်းရေးမှူးများ စုစုပေါင်းလူဦးရေ ၉၅ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးအေးလတ်