မူဆယ်မြို့၌ ဥပဒေအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မူဆယ် နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ဥပဒေအသိပညာပေးဟောပြောပွဲကို မူဆယ်မြို့၊ စက်မှုရပ်ကွက်ရှိ မေတ္တာတော်စံအိမ်တွင် နိုဝင်ဘာ ၉ ရက်နေ့ မွန်းလွဲ (၂) နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မူဆယ်မြို့ ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်ဇော်နှင့် အဖွဲ့ဝင်များက ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း၊ ကလေးစစ်မှုထမ်းဥပဒေအကြောင်း၊ ဥပဒေဆိုင်ရာအထောက်အကူပေးခြင်း၏ ရည်ရွယ်ချက်၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဖွဲ့စည်းပုံများ၊ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး နည်းလမ်းများ၊ ဥပဒေဆိုင်ရာ အထောက်အကူပေးနိုင်သည့်လုပ်ငန်းများ၊ တရားဥပဒေဆိုင်ရာသဘောတရားများနှင့် ဥပဒေဆိုင်ရာ အထောက်အကူပေးခြင်းလုပ်ငန်းများ၊ တရားဥပဒေ၊ တရားစီရင်ရေး၊ ဥပဒေဆိုင်ရာ အထောက်အကူ တောင်းခံခွင့်ရှိသူများမှာ ပြစ်မှုတစ်ခုခုဖြင့် တရားစွဲဆိုခြင်းခံရသည့်၊ ပြစ်ဒဏ်ချမှတ်ခြင်းခံရသည့် (က) ဆင်းရဲနွမ်းပါးသူ၊ (ခ) ကလေးသူငယ်၊ (ဂ) အမျိုးသမီး၊ (ဃ) အထူးပြုစုစောင့်ရှောက်မှုလိုအပ်သူ၊ (င) သက်ကြီးရွယ်အို၊ (စ) မသန်စွမ်းသူ၊ (ဆ) ခုခံအားကျဆင်းမှုကူးစက်ရောဂါ (သို့မဟုတ်) အခြားကူးစက်မြန်ရောဂါ ခံစားနေရသူများဖြစ်ကြောင်းနှင့် ထိုသို့တောင်းခံလာပါက မိမိတို့အဖွဲ့မှ လိုက်ပါဆောင်ရွက်ပေးမည်ဖြစ်၍ ဥပဒေဆိုင်ရာ အထောက်အကူတောင်းခံနိုင်ပါကြောင်းစသည်ဖြင့် ဟောပြောခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)