ပင်လောင်း နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်မုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွန်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကျော်စိုးမြင့်ဝင် ဗိုလ်မှူးကျော်စိုးမြင့်က အဖွင့်အမှာစကားပြောကြားပြီး၊မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးဝေလင်းအောင်က အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွန်းမံသင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်များအကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကျော်စိုးမြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးမိုးထွန်းတို့က အရန်မီးသတ်တပ်ဖွဲ့ တူညီဝတ်စုံများပေးအပ်ရာ အရန်မီးသတ်တပ်ဖွဲ့ တပ်ခွဲမှူးများက လက်ခံပေးခဲ့ကြောင်း၊ အဆိုပါသင်တန်းကို နိုဝင်ဘာ ၁၀ ရက်နေ့မှ ဒီဇင်ဘာ ၅ ရက်နေ့ထိ စစ်ရေးပြနှင့် မီးငြိမ်းသတ်မှုများ၊ မီးငြိမ်းရာတွင်အသုံးပြုသည့် ပစ္စည်းအသုံးပြုနည်းများကို လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်