လားရှိုး နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးမှ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ၊ အသိပညာပေးနံရံကပ်စာစောင် ဓာတ်ပုံပြပွဲများနှင့် ၁၀၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်လက်ကမ်းစာစောင်များ အခမဲဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပသည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဦးစိုင်းထွန်းနေလှိုင်က စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ၊ အသိပညာပေးနံရံကပ်စာစောင် ဓာတ်ပုံပြပွဲများနှင့် ၁၀၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်လက်ကမ်းစာစောင်များ အခမဲဖြန့်ဝေ ပေးရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်စာစောင်ပြပွဲ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လူငယ်ရေးရာအသိပညာပေးစသည့် အသိပညာပေးနံရံကပ်စာစောင်ဓာတ်ပုံပြပွဲအား ခင်းကျင်းပြသခဲ့ရာ တက်ရောက်လာသည့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့သည်။
ထို့အပြင် စည်းလုံးချစ်ကြည် လက်တွဲညီ ရွှေပြည်သစ်ဆီလှမ်းကြမည်၊ ၂၀၂၅ ခုနှစ် ၁၀၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်၊ မျိုးချစ်စိတ်ဓာတ် ထိန်းသိမ်းအပ် ကိန်းဝပ်ရှင်သန် ဇာတိမာန်၊ သူ့ကျွန်မခံ အမျိုးသားမာန်၊ လူငယ်တွေရဲ့ခေတ်၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဌာန်ပြုကြသော ကျောင်းသားကြီး ၁၁ ဦး၊ အမျိုးသားရေးတာဝန်၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ တစ်မျိုးသားလုံး ညီညွတ်စို့စသည့် အကြောင်းအရာများပါဝင်သည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ထုတ်ဝေသည့် ၁၀၅ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် စုစုပေါင်း ၇၅ စောင်အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)