မိုင်းယန်း နိုဝင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါဒီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ ဆောင်ရွက်နိုင်ရန်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေငြာနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများ စစ်ဆေးခြင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၁၀ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက အဖွင့်အမှာ စကားနှင့် ၂၀၂၅ ခုနှစ် ပါဒီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ စစ်ဆေးခြင်းလုပ်ငန်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက် လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး