မိုင်းယန်းမြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေငြာခြင်းမပြုမီ စိစစ်ရေးအဖွဲ့ဖြင့် မဲဆန္ဒရှင်စာရင်းများ စစ်ဆေးခြင်းများ ဆောင်‌‌ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မိုင်းယန်း နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါဒီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ ဆောင်‌‌ရွက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၁၀ ရက် နံနက် ၉ နာရီက ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေငြာခြင်းမပြုမီ စိစစ်ရေးအဖွဲ့ဖြင့် မဲဆန္ဒရှင်စာရင်းများ စစ်ဆေးခြင်းများ ဆောင်‌‌ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေငြာခြင်းမပြုမီ စိစစ်ရေးအဖွဲ့ဖြင့် မဲဆန္ဒရှင်စာရင်းများ စစ်ဆေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးမှ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းဆောင်ရွက်ချက်များအား တင်ပြဆွေးနွေးသည်။

ထို့နောက် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးမျာ၊ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲနှင့် အဖွဲ့ဝင်များတို့မှ မဲဆန္ဒရှင်းများ စာရင်းစစ်ဆေးဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး