ဖယ်ခုံမြို့၌ ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာနိုင်ရေးအတွက် မဲစာရင်းစစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်

ဖယ်ခုံ နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့တွင် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းကပ်ထား‌ကြေညာခြင်းမပြုမီ မဲစာရင်းစစ်ဆေးမှုလုပ်ငန်းများးကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က ဖယ်ခုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါမဲစာရင်းစစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ ဖယ်ခုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်သင်၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလွင်ဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက မဲစာရင်းများ စစ်ဆေးကြည့်ရှုကြကြောင်း သိရသည်။

မြို့နယ်၊ပြန်/ဆက်