ရန်ကုန် နိုဝင်ဘာ ၁၁
သန်လျင်ခရိုင် သန်လျင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများအား သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ငပကျေးရွာ အ.မ.က မူလွန်ကျောင်းနှင့် အ.မ.က သစ်စက်ကျောင်းတို့၌ ပြုလုပ်ခဲ့သည်။
အဆိုပါလုပ်ငန်း ဆောင်ရွက်ရာတွင် သန်လျင်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအဖွဲ့များနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ ကျောင်းသား ကျောင်းသူများအား ကျန်းမာပျော်ရွှင်ပညာသင်ကြားနိုင်စေရန်အတွက် သွားနှင့် ခံတွင်း ကျန်းမာရေးစစ်ဆေးပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)