ညောင်ရွှေ၌  မဲစာရင်းများပြည့်စုံမှန်ကန်ရေး ပြန်လည်စစ်ဆေး ဆောင်ရွက်

ညောင်ရွှေ      နိုဝင်ဘာ        ၁၀

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်အတွင်း မဲပေးပိုင်ခွင့်ရှိပြည်သူများမဲပေးနိုင်ရေး၊ မဲစာရင်း ပြည့်စုံမှန်ကန်စေရေးအတွက် ပြန်လည်စိစစ်စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းများပြန်လည်စိစစ်ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များပါဝင်သောစိစစ်ရေးအဖွဲ့မှ မဲစာရင်းပြည်စုံမှန်ကန်ရေး၊ မဲဆန္ဒရှင် စာရင်းများကျန်ရှိမှုမဖြစ်ပေါ်စေရေးအတွက် ပေါင်းစပ်ညှိနှိုင်း၍ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်