ထန်းတပင်မြို့နယ်တွင် ကျောင်းသား ကျောင်းသူများအား သွားနှင့် ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်းလုပ်ငန်း ဆောင်ရွက်

ထန်းတပင်(ပဲခူး)  နိုဝင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများအား သွားနှင့် ခံ တွင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မူလတန်း(လွန်) သခင်မြစာသင်ကျောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါလုပ်ငန်းဆောင်ရွက်ရာတွင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးအဖွဲ့နှင့် အခြေ ခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ မူလတန်းရှိ ကျောင်းသား ကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် သွားနှင့်ခံတွင်း ကျန်းမာရေးကို စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)