မိုင်းယောင်းမြို့နယ် ဝမ်ပုံဘုရားစေတီကုန်း၌ ပန်းအလှချယ်ရီပင် ၉၀ ကျော်စိုက်ပျိုး

မိုင်းယောင်း    ဒီဇင်ဘာ     ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ပုံဘုရားစေတီကုန်း၌ ယနေ့နံနက်ပိုင်းက ပန်းအလှချယ်ရီ ပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ချယ်ရီပင် စိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက ချယ်ရီပင်များ တစ်ပင်နှင့် တစ်ပင် သတ်မှတ်အကွာအဝေးဖြင့် စိုက်ပျိုးကြရေးအတွက် မြေကျင်းတူးခြင်းနှင့် ပျိုးပင်များ အမြစ်မပျက်စီးရေးအတွက် စနစ်တကျ စိုက်ပျိုးနိုင်ရေး ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် ဝန်ထမ်းများ၊ ဝမ်ပုံရွာသားများက ဝမ်ပုံဘုရားစေတီကုန်း အတက်လမ်းတစ်လျှောက်နှင့် ဘုရားစေတီကုန်း ဧရိယာအတွင်း သာယာလှပရေးအတွက် ပန်းအလှချယ်ရီပင် ၉၀ ကျော် ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

အားချာ