တံတား နိုဝင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (၁၀၅) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ နှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာအခြေခံပညာအထက်တန်းကျောင်းမှကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်မြတ်သိန်းက ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ အနာဂတ်တွင် အသိပညာဗဟုသုတကြွယ်ဝသည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်ပေါ်စေရန်ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်းနှင့်ပြိုင်ပွဲ၏ စည်းကမ်းများအားရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ “အမျိုးသားနေ့ဒို့မမေ့” ခေါင်းစဥ်ဖြင့် ဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲသို့ အလယ်တန်းအဆင့် ကျောင်း သား(၉) ဦး၊ ကျောင်းသူ(၁၂)ဦး ၊စုစုပေါင်း (၂၀)ဦးဝင်ရောက် ယှဉ် ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား နိုဝင်ဘာ (၁၄) ရက်နေ့တွင်ကျရောက်မည့်(၁၀၅)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အခမ်းအနားတွင် ဆုများချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တံတား (ပြန်/ဆက်)