ကိုကိုးကျွန်း နိုဝင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်၌ မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်း းသိရသည်။
အခမ်းအနားသို့ ကိုကိုးကျွန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီစောနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ရပ်မိရပ်ဖများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ကိုကိုးကျွန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီစောမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စုစုပေါင်းအင်အား (၆၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)