မိုးနဲ နိုဝင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် နောင်လိုင်ကျေးရွာအုပ်စု ၊လင်ဖူးကျေးရွာ နေဒေသခံပြည်သူများ နွေရာသီသောက်သုံးရေဖူလုံစွာရရှိရေးအတွက် တွင်းနက်တူးဖော်ခြင်းလုပ်ငန်းနှင့်ဆက်စပ်သောလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ တာဝန်ရှိသူများက ယမန်နေ့နက်နက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးမောင်ခိုင် နှင့်တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများ ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကျေးရွာတာဝန်ခံများက တွင်းနက်တူးဖော်နေမှုနှင့် ဆက်စပ်သော ဆိုလာစနစ်ဖြင့်အမြင့်တင် ရေပိုက်လိုင်း တပ်ဆင်နေမှု ၊ရေဂါလံ ၃၀၀၀ ဆန့်နှင့် ရေဂါလံ ၂၀၀၀ ဆန့် ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုခဲ့ကြပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းများဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ သတ်မှတ် စံချိန်စံနှုန်းပြည့်မီရေး ၊အချိန်မီပြီးစီးရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေးကို အလေးထား ဆောင်ရွက်ရန်မှာကြားခဲ့သည်။
အဆိုပါလုပ်ငန်းများကို ကျေးရွာနေပြည်သူများနွေရာသီရေရရှိရေးအတွက် တွင်နက်တူးဖော်ခြင်း အနက် ၄၂၀ ပေ ၊အကျယ် ၄ လက်မ နှင့်ဆက်စပ်လုပ်ငန်းများအတွက် ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် ၇၈ ဒသမ ၄၉ သန်းဖြင့် မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကျေးရွာနေပြည်သူများ ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)