ကော့မှူးတွင် သွားနှင့် ခံတွင်းဆိုင်ရာအသိပညာ‌ပေး ဟောပြော

ကော့မှူး နိုဝင်ဘာ ၇

ကျောင်းနေအရွယ် ကျောင်းသား/ သူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျန်းမာရေးညီညွတ်သော လူနေမှုစနစ်ပုံစံများ သိရှိနိုင်စေပြီး ကျန်းမာရေးအဆင့်အတန်း တိုးတက်မြှင့်မားစေရန် ရည်ရွယ်၍  ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်  ကော့မှူးမြို့နယ် အခြေခံမူလတန်းလွန်ကျောင်း မူလွန်(ပြည်တော်သာ)နှင့် အ.မ.က(မြို့သစ်)ကျောင်းများ၌ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သွားနှင့်ခံတွင်းဆရာဝန်ကြီး ဒေါက်တာကွန်စတန်နှင့် ဝန်ထမ်းများက အသိပညာပေး ဟောပြောခြင်းနှင့်  ကျောင်းသား/သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ထိုသို့အသိပညာ‌ပေးမှုများတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ကွန်စတန်ဦးဆောင်၍ အနောက်ပိုင်းဆေးရုံနှင့် သာကေတအထူးကုဆေးရုံများမှသွားနှင့် ခံတွင်းဆရာဝန်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများက သံကောင်တုတ်ကောင်ရောဂါအကြောင်းသိကောင်းစရာများ၊  သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်နိုင်ရန်နည်းလမ်းများ၊   စနစ်တကျသွားတိုက်နည်း၊ သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါအ ကြောင်းအရာများအားအသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူ(၃၇၂)ဦးအား စနစ်မှန်သွားတိုက်နည်းများအား လက်တွေ့ သင်ကြားပြသခဲ့ကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)