ရန်ကုန် နိုဝင်ဘာ ၆
သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက် (၁၀) နာရီတွင် သန်လျင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌ ဆက်လက်ကွင်းဆင်း ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများက သန်လျင်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား ဆေးထိုးစုရပ်ထားရှိကာ ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ (ဘီ) ပိုး၊ ဦးနှောက်အမြှေးရောင် (၅) မျိုးစပ် ကာကွယ်ဆေး၊ ပိုလီယို၊ ဝက်သက်၊ ဂျိုက်သိုး ရောဂါကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးခြင်း၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတတ်သော (Rota) ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)