ကွန်ဟိန်း နိုဝင်ဘာ ၆
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၈ အချိန်ကစတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များ လစဥ် တစ်လခြား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ တိုက်ကျွေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည် ။
မြို့နယ်(ပြန်/ဆက်)