သာကေတ နိုဝင်ဘာ ၄
သာကေတမြို့နယ် စာရေးဆရာအသင်းမှ ကြီးမှူး၍ သာကေတမြို့နယ် စာရေးဆရာအသင်း ဝိသာခါဝတ်အဖွဲ့တန်ဆောင်တိုင် အဖိတ်နေ့ ဝတ်ရွတ်ဖတ်သရဇ္စျာယ်ခြင်းကို တန်ဆောင်မုန်း လဆန်း ၁၄ ရက် ယမန်နေ့ နံနက် ၁၀ နာရီခွဲက သာကေတမြို့နယ် ဇိနမာရ်အောင်စေတီတော် ပရိဝုဏ်ရှိ ဇိနရန်အောင်တန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး နတ်ဗြဟ္မာများကို ပငိ့ဖိတ်ကာသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ဝိသာခါဝတ်အဖွဲ့က ဝတ်ရွတ်စဥ်များကို ရွတ်ဖတ်သရဇ္စျာယ်ခဲ့ကြသည်။
အဆိုပါ ဝတ်ရွတ်ဖတ်ခြင်းသို့ သာကေတမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာမြေ လတ်မြတ်သူ၊ အတွင်းရေးမှူး ဆရာအောင်အောင် (Lucky Home) နှင့်အတူ သာကေတ မြို့နယ် ဂီတအစည်းအရုံးဥက္ကဋ္ဌ တေးသံရှင် ကိုလတ်တို့က လိုအပ်သည်များကို ကုသိုလ်ယူ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အိရွှေစင်လတ်(သာကေတ)