မိုင်းဆတ်မြို့၌ (၅၅) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ

မိုင်းဆတ် နိုဝင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်လုံးဆိုင်ရာ (၅၅) ကြိမ်မြောက် နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ၏ စုပေါင်းမဟာဘုံကထိန် ပဒေ သာပင်များအား မြတ်ဗုဒ္ဓရုပ်ပွားတော်နှင့်အတူ နိုဝင်ဘာ ၁ ရက်က မော်တော်ယာဉ်များဖြင့် မြို့ပတ် လမ်းအတိုင်းလှည့်လည်ပူဇော်ခဲ့ပြီး ယမန်နေ့ နံနက် ၉ နာရီခွဲက ကထိန်လျာသင်္ကန်းနှင့် ပဒေ သာပင်များ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို တပ်နယ်ရှိ ရန်ကြီးအောင်ခန်းမတွင် ကျင်းပ သည်။

ဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဘုရားကန်တော့ဖွင့်လှစ်၍ မြို့ဦးကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ(ရှမ်းပြည်နယ်သံဃဝန်ဆောင်ဆရာတော်)ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ပြီး သံဃာတော် အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူသည်။

ထို့နောက် နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးညီညီထွေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များက ဆရာတော် သံဃာတော်များအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး ဓာတ်စွမ်းဟုန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တရေဝတထံမှ ရေစက်ချအနုမောဒနာတရား နာယူကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ် ရွတ်ဆို ဆုတောင်း၍ ရုတ်သိမ်းသည်။

ယင်းနောက် ငွေကျပ်(၇၃,၃၉၇,၃၅၀)တန်ဖိုးရှိ ပဒေသာပင်(၃၇)ပင်အား မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၃၇)ကျောင်းသို့ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်