တုံတာမြို့၌ (၂၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် လှည့်လည်ပူဇော်ပွဲကျင်းပ

တုံတာ နိုဝင်ဘာ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့၌ (၂၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ပဒေသာပင် လှည့်လည်ပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က စုရပ်ဖြစ်သော မြို့ အ,လ,က(နောက်)ကျောင်းမှ တစ်ဆင့်တုံတာမြို့ မြို့ဦးဝေဠုဝန် ထေရဝါဒ သာသနာပြုကျောင်းတိုက်သို့ စည်ကားသိုက်မြိုက်စွာ လှည့်လည်ပူဇော်ခဲ့ကြသည်။

ထိုသို့ လှည့်လည်ပူဇော်ရာတွင် တုံတာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်လတ် ဦးဆောင်၍ နယ်‌မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊  လူမှုရေးအသင်းအဖွဲ့များ၊ တုံတာမြို့ပေါ်ရှိ ရပ်ကွက်လေးခုမှစေတနာရှင်၊ အလှူရှင်များလိုက်ပါ၍ စုရပ်ဖြစ်သော မြို့အ.လ.က(နောက်)ကျောင်းမှတစ်ဆင့် ပဒေသာပင်များအား မြို့ဦးဝေဠုဝန် ထေရဝါဒ သာသနာပြုကျောင်းတိုက်၌ ပူဇော်ခံထားရှိခဲ့ကြပြီး စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာရေစက်ချအခမ်းအနားကို နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)