တန့်ယန်း နိုဝင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၌ အမှတ်(၂)ရပ်ကွက်ရှိ ဝေဠုဝန်ပရိယတ္တိစာသင်တိုက်ကြီး၏ (၄၂)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် လှူဒါန်းရေစက်ချပွဲကို အောက်တိုဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းက ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ်ပြီး ဝေဠုဝန် ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဌာန ဆရာတော်ထံမှ ခရိုင်နှင့် မြို့နယ်တို့မှ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဉာတ်မကြီးအလှူရှင် ဒေါ်ခင်မိုးနှင့် မိသားစုများ၊ အလှူရှင်များ၊ ဧည့်ပရိသတ်အပေါင်းက ငါးပါးသီလခံယူဆောက်တည်ကြကာ ကထိန်လျာသင်္ကန်းနှင့် လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)