ကော့မှူးတွင် အောင်နိုင်တိုးစပါးစိုက်ပျိုးထားမှုနှင့် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးမည့်နေရာများအား ကွင်းဆင်းကြည့်ရှု

ကော့မှူး နိုဝင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့ နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည့် ယနေ့နံနက်က မြို့နယ်အတွင်း စိုက်ပျိုး‌ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမင်း၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက ပိန္နဲကုန်းကျေးရွာအုပ်စု ကွင်းအမှတ် (၂၇၉) ရှိ တောင်သူ ဦးဇော်မြတ်စိုး စိုက်ပျိုးထားသည့် အောင်နိုင်တိုးစပါး(၆)ဧက စိုက်ပျိုးထားမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆီထွက်သီးနှံနေကြာ စိုက်ပျိုးမည့် အဖျောက် ကျေးရွာရှိ လယ်မြေများအား ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကျော်သူရ(ကော့မှူး)