မိုင်းဆတ် နိုဝင်ဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်လုံးဆိုင်ရာ (၅၅)ကြိမ်မြောက် နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ၏ စုပေါင်းမဟာဘုံကထိန် ပဒေသာပင်များအား မြတ်ဗုဒ္ဓရုပ်ပွားတော်နှင့်အတူ ယမန်နေ့က မော်တော်ယာဉ်များဖြင့် မြို့ပတ်လမ်းအတိုင်းလှည့်လည် ပူဇော်ခဲ့ပြီး ယနေ့နံနက် ၉ နာရီခွဲက ကထိန်လျာသင်္ကန်းနှင့် ပဒေသာပင်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို တပ်နယ်ရှိ ရန်ကြီးအောင်ခန်းမတွင် ကျင်းပသည်။
ဦးစွာ မြို့ဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ(ရှမ်းပြည်နယ်သံဃဝန်ဆောင်ဆရာတော်)ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ပြီး သံဃာတော်အရှင်သူမြတ်တို့က ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူသည်။ ထို့နောက် နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီထွေး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အလှူရှင်များက ဆရာတော်သံဃာတော်များအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဓာတ်စွမ်းဟုန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ရေဝတထံမှ ရေစက်ချအနုမောဒနာတရားနာယူသည်။
ယင်းနောက် ငွေကျပ်(၇၃,၃၉၇,၃၅၀)တန်ဖိုးရှိ ပဒေသာပင်(၃၇)ပင်အား မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၃၇)ကျောင်းသို့ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)