ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခြင်းနှင့် UID ကတ် ကွင်းဆင်းဆောင်ရွက်ပေး

ဒဂုံတောင် နိုဝင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်း ရပ်ကွက်များရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးခွင့်မဆုံးရှုံးစေရေးအတွက် အသက် (၁၈) နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ် မရှိသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအား ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ပေးအပ်ပွဲကို  မြို့နယ်ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ဆုတောင်းပြည့် အတုလအောင်ဇေယျုံ (ဦးဘိုးလှဘုရား) စေတီတော်ပရိဝုဏ်အတွင်းရှိ  ဓမ္မာရုံတွင် ယနေ့နံနက် ၉ နာရီခွဲက ကွင်းဆင်းဆောင်ရွက်ပေးသည်။

ဦးစွာ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးထွန်းလင်းနိုင်က အဖွင့်အမှာစကားပြောကြား၍ လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးညီဇော်ဌေးက အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာများကို ပြည်သူများအား ရှင်းလင်းဆွေးနွေးပြီး ဒုတိယမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးထွန်းလင်းနိုင်  လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဦးညီဇော်ဌေးနှင့်တာဝန်ရှိသူများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် (၅၃၊ ၅၄၊ ၅၅၊ ၅၆) ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ပြီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၅၀) ကတ်ခန့်နှင့် အိမ်ထောင်စုလူဦးရေစာရင်း (၃၀)ခန့်ကို  ကာယကံရှင်များလက်ဝယ်သို့ ပေးအပ်ခဲ့ပြီး Biometric(UID) ကောက်ယူခြင်းလုပ်ငန်းအား (OSS) စနစ်ဖြင့် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေမျိုးအောင် (ဒဂုံတောင်)