မောက်မယ် နိုဝင်ဘာ ၂
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း လင်းခေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္က ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ မောက်မယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့်သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများတို့က အောက်တိုဘာလ ၃၁ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
ကွင်းဆင်းကြည့်ရှုရာတွင် မောက်မယ်မြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု/ပြည်နယ် ခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်လျက်ရှိသော မြို့နယ်ကျေးလက်လမ်း ဦးစီးဌာန၏ စဉ့်ဆိုင်ကျေးရွာအုပ်စု၊ ပုန်းလောကျေးရွာသွားလမ်းကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ၁၅ပေ ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း၊ စဉ့်ဝင်ကျေးရွာအုပ်စု၊ မောက်မယ်-ရွာသစ်ကျေးရွာ သွားလမ်း ကျောက်ချောလမ်း ခင်းခြင်းလုပ်ငန်း၊ မြို့နယ်လမ်းဦးစီးဌာန၏ နေဝန်းရှင် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော မောက်မယ်-ဝမ်ဟတ်-လင်းခေးလမ်းရှိ ကျောက်တောင်/မြေတောင် လမ်းချဲ့ခြင်းလုပ်ငန်း၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (နတလ)၏ မောက်မယ်-နမ့်လွတ်- ကဒူးလေး လမ်းပေါ်ရှိ နမ့်ယွန်းချောင်းကူး ကွန်ကရစ်တံတား (၁၂၀)ပေ တည်ဆောက်ခြင်း လုပ်ငန်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နမ့်လွတ်ကျေးရွာအုပ်စု၊ ဝမ်နားကျေးရွာ ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တည်ဆောက်ရေး အဖွဲ့(၃) တံတား အထူးအဖွဲ့ (၁၂)မှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် မွေတော်ရပ်ကွက် မောက်မယ်-ဝမ်ဟတ်-လင်းခေး လမ်းပေါ်ရှိ တံတား အမှတ်(၂/၁)ကျောင်းခုံသံကူကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းများအား သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ ပြည့်မီစွာဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းများ လေလွှင့်မှုမရှိစေရေးနှင့် အချိန်မီပြီးစီးနိုင်ရေးတို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြီးကြပ် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
မောက်မယ်(ပြန်/ဆက်)