ကျောက်တံတား နိုဝင်ဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ မူကြိုကလေးငယ်များ အာဟာရဖွံ့ဖြိုးရေးနှင့်ကျန်းမာရေးစစ်ပေးခြင်းလုပ်ငန်းများကို အောက်တိုဘာ ၃၁ ရက်နေ့ နံနက် ၁၁ နာရီ အချိန်က အမှတ်(၃)ရပ်ကွက်ရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၌ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့်အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးအဖွဲ့ဝင်များက မူကြိုရင်သွေးငယ်များအား အာဟာရဖြစ်စေမည့် မုန့်နှင့်နို့ဘူးများအားကျွေးမွေးပြီးနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဦးစီးမှူး ဒေါက်တာမေသီတာနှင့်အဖွဲ့က မူကြိုရင်သွေးငယ်များအား သွားနှင့် ခံတွင်းကျန်းမာရေးကိုစစ်ဆေးရာ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့်အဖွဲ့ဝင်များက ကူညီပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)