မိုင်းယောင်း နိုဝင်ဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မုန်းလိုက်အုပ်စု မိုင်းဟစ်ကျေးရွာ စွမ်ဟိန်းဂူ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့က (၁၁)ကြိမ်မြောက် မဟာဘုံကထိ န်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပင့်သံဃာများအား အာရုံဆွမ်းကပ်လှူပြီး စေတနာရှင်၊ အလှူရှင်များက ပဒေသာပင်များကို ဘုန်းတော်ကြီးကျောင်းတစ်ပတ် လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။ ယင်းနောက် ရေစက်ချအခမ်းအနားကို ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့်အဖွဲ့ဝင်များ၊ စေတနာရှင်၊ အလှူရှင်များက တက်ရောက် ကုသိုလ်ယူကြသည်။
အခမ်းအနားတွင် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသောအား ကထိန်လျာဉာတ်သင်္ကန်းနှင့် ပဒေသာပင်တို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အလှူရှင်တို့က ဆက်ကပ်လှူဒါန်းကြပြီး ပင့်ဖိတ်ထားသည့် သံဃာတော်များအား ပဒေသာပင်များ မဲဖောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း