ကျောက်ဆည် အောက်တိုဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းအနေဖြင့် ပြည်သူများ၊ အခြေခံစားသောက်ကုန်များ ဝယ်ယူသုံးစွဲရာ၌ အထောက်အကူ ပြုစေရန်အတွက် စားအုန်း ဆီများကိုဈေးနှုန်းချိုသာစွာဖြင့်စဉ့်ဆက်မပြတ် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျောက်ဆည်ခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် စားအုန်းဆီများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်းချရာ၌ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းအသင်းဝင် စားသုံးဆီ လက်လီ၊ လက်ကားအရောင်းဆိုင်များဖြစ်သည့် ဒေါ်သန်းသန်းဌေး(နေလသုခ-၂)ဆီအရောင်းဆိုင်မှ ကျောက်ဆည်မြို့နယ် ပဉ္ဇူခြံ၊ ရွာပုလဲ၊ဆူးလေကုန်းကျေးရွာပြည်သူများအတွက် စားအုန်းဆီ(၃၃၀) ပိဿာကိုလည်းကောင်း၊ ဒေါ်သက်သက်မွန် (အန္တဂုဏ်ရည်) ဆီအရောင်းဆိုင်မှငှက္ကတောင်ကျေးရွာ ပြည်သူများအတွက် စားအုန်းဆီ (၁၁၀)ပိဿာကိုလည်းကောင်း၊ ဦးကျော်ဆွေဝင်း(ငွေပင်လည်) ဆီအရောင်းဆိုင်မှ ပုလိပ်မြို့နယ်ခွဲမှ ဝန်ထမ်းကွက်သစ်ပြည်သူများအတွက် စားအုန်းဆီ(၃၃၀)ပိဿာကို လည်းကောင်း၊ ဦးစိုးမောင်(အောင်စိုးမိုးဦး) စားအုန်းဆီအရောင်းဆိုင်မှစဉ့်ကိုင်မြို့နယ်၊ ပေါက်ကျေးရွာ ပြည်သူများအတွက် စားအုန်းဆီ(၃၃၀)ပိဿာကိုလည်းကောင်း အသီးသီးရောင်းချပေးခဲ့ကြောင်း သိရသည်။
သက်မောင်၊ကျောက်ဆည်