မြစ်သားမြို့နယ်တွင် ၂၀၂၅ခုနှစ်၊  (၁၀၅) နှစ် မြောက်အမျိုးသား‌အောင်ပွဲ‌နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲနှင့်ကဗျာပြိုင်ပွဲ များကျင်းပ     

မြစ်သား   နိုဝင်ဘာ  

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် မြို့နယ်အတွင်းမှ ထူးချွန်ထက်မြက်သော ကျောင်းသား၊ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ် ၍ အခြေခံပညာဦးစီးဌာနက ကြီးမှူးကျင်းပသော ၂၀၂၅ခုနှစ် ၊ (၁၀၅) နှစ်မြောက် အမျိုးသား‌အောင်ပွဲ‌နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများကို  ယနေ့နံနက်(၉)နာရီအချိန်က မြစ်သားမြို့ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၌  ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၅ခုနှစ်၊ (၁၀၅)နှစ်မြောက် အမျိုးသား‌အောင်ပွဲ‌ နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ နှင့်ကဗျာပြိုင်ပွဲများတွင် အထက်တန်းအဆင့် စာစီ စာကုံးပြိုင်ပွဲ တွင်“အမျိုးသား‌နေ့ကိုဂုဏ်ပြုဖို့ဗလငါး တန်နှင့်ပြည့်စုံစို့” ခေါင်းစဥ်ဖြင့်လည်း‌ကောင်း၊ ကဗျာပြိုင်ပွဲတွင်“အမျိုးသားနေ့၏အားမာန်”‌  ခေါင်းစဥ်ဖြင့်ယှဉ်ပြိုင်ကြပြီး အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “အမျိုးသားနေ့တည်တံ့ဖို့တိုင်းရင်းသား အားလုံးစည်းလုံးစို့” ‌‌ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကဗျာပြိုင်ပွဲတွင် “ဘက်စုံပညာ‌ ရေးဆီတစ်မျိုးသား လုံးလှမ်းလို့ချီ” စသည့်ခေါင်းစဉ်များဖြင့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။ ကျောင်းသား၊ ကျောင်သူများ အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက်  မြို့နယ်ပညာရေးမှူးက ဦးဆောင်ပြီး အခြေခံပညာ‌ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ဆရာမကြီးများက ကြီးကြပ်၍ တာဝန်ကျဆရာ၊ဆရာမများက အနီးကပ်စောင့် ကြပ်ပေးခဲ့‌‌ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

ဝါဝါမြင့်(မြစ်သား)