ငါန်းဇွန်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ (၂)နှစ်အောက် ကလေးငယ်များ   ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများပြုလုပ်

ငါန်းဇွန်  နိုဝင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ဆေးရုံ၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် () နာရီအချိန်က ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ () နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းများကို ငါန်းဇွန်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများမှ ယနေ့နံနက် () နာရီ အချိန်မှစ၍ မြို့နယ်အတွင်းရှိ မွေးစမှ () နှစ်အောက်  ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံ ပေးခဲ့သည်။ ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့သည်။

ထိုးနှံပေးသည့် ကာကွယ်ဆေးအမျိုးအစားများမှာ ဘီစီဂျီ၊ အသည်းရောင်အသားဝါ (ဘီ) ပြင်းထန် ဝမ်းပျက်ဝမ်းလျှော(ရိုတာ) ပိုလီယို၊ ပိုလီယိုထိုးဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ) ဆုံဆို့-ကြက်ညှာ- မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)- ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်- ဂျိုက်ဘိုး စသည့်ကာကွယ်ဆေးများကို ထိုးနှံပေးပြီး ကာကွယ်ဆေးထိုး မှတ်တမ်းကဒ်များတွင် စနစ်တကျ မှတ်တမ်းရေးသွင်းပေး ခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးများကို (၁-၁၁-၂၀၂၅)ရက်နေ့နှင့် (၂-၁၁-၂၀၂၅) ရက်နေ့များတွင် ထိုးနှံပေးသွားမှာဖြစ်ပြီး မြို့နယ်အတွင်းရှိကလေးငယ်များအပြင် အဝေးမှရောက်ရှိနေသည့် ဧည့်သည်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကာကွယ်ဆေးထိုးရက် မကျော်လွန်စေရန်အတွက် ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ယနေ့စုစုပေါင်းကာကွယ်ဆေးထိုးနှံသူ ကလေးငယ် (၈၀) ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် ()ဦး လာရောက်ကာကွယ်ဆေးထိုးနှံခဲ့ကြောင်း သိရသည်။

ကိုကိုနိုင် (ပြန်/ဆက်)