မြင်းခြံ နိုဝင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၇) နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်း အမှတ်အကြို စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မြင်းခြံခရိုင်ပြည်သူ့ဆေးရုံးကြီးတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ သွေးလှူဒါန်းခြင်းပြုလုပ်ရာတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်း ဦးဆောင်၍ ဝန်ထမ်း (၁၁) ဦး စုပေါင်းသွေးလှူန်းခဲ့ပြီး မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း (၉) ဦး၊ တောင်သာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း (၁၅) ဦး သက်ဆိုင်ရာ ပြည်သူ့ဆေးရုံကြီးများတွင် အသီးသီးသွေးလှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အကြို စုပေါင်းသွေးလှူဒါန်းခဲ့သော ဝန်ထမ်းများအား ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းထွန်းက အားဖြည့်အချိုရည်များနှင့် အာဟာရဖြည့်စွက် အစားအစာများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)