ကော့မှူး နိုင်ဝင်ဘာ ၁
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ အလှူရှင်များစုပေါင်း၍ လှူဒါန်းသောမြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်အလှူတော် မင်္ဂလာရေစက်ချအခမ်းအနားကို ယနေ့နံနက်၁၀နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် တောင်ပိုင်းရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များက နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန့်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်လက်ခိုက်ငြမ်းကျောင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တရေဝတထံမှ ငါးပါးသီလခံယူ ဆောက်တည်၍ ကထိန်အနုမောဒနာတရားများနာယူခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းကသာသနာရေးဆိုင်ရာကိစ္စရပ်များ အားလျောက် ထားခဲ့သည်။ ယင်းနောက် ဆရာတော်များအား ကထိန်လျာသင်္ကန်းနှင့်လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။
ထို့နောက် မြို့နယ်ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ စုပေါင်းလှူဒါန်းသော ငွေပဒေသာပင်များ၏ တန်ဖိုးမှ ငွေသားတန်ဖိုး (၆၆၉၁၀၀၀)ကျပ် နှင့်ပစ္စည်းတန်ဖိုး (၂၁၇၃၀၀၀) စုစုပေါင်း (၈၈၆၄၀၀၀)တို့အား အားဘုန်းတော်ကြီးကျောင်း(၁၃)ကျောင်းနှင့် သီလရှင်ကျောင်း(၁) စုစုပေါင်း (၁၄) ကျောင်းအား မဲဖောက်ဆက်ကပ်လှူဒါန်းခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ ရတနာရွှေမိုး ငွေမိုးရွာသွန်းကာ အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)