မြစ်သားမြို့နယ်တွင် မြရတနာလူမှုကူညီရေးအသင်းအတွက် မြေနေရာ၊ အဆောက်အအုံနှင့် မော်တော်ယာဉ် လှူဒါန်း

မြစ်သား နိုဝင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကသဲကုန်းကျေးရွာ လူမှုကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်လျက်ရှိသည့် မြရတနာလူမှုကူညီရေးအသင်းအတွက် ကွယ်လွန်သူမိခင်ကြီး (ဒေါ်သိန်းရှင်) အားရည်စူး၍ ကျန်းမာရေးမော်တော်ယာဥ်၊ အဆောက်အဦး၊ မြေနေရာတို့အားလှူဒါန်းပေးခြင်းအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အဆိုပါကျေးရွာအဝင်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

ဦးစွာ ကသဲကုန်းကျေးရွာရပ်မိရပ်ဖ ဦးဝင်းဇော်က အမှာစကားပြောကြားပြီး မြရတနာလူမှုကူညီရေးအသင်းမြေနေရာနှင့်     အဆောက်အဦတို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အလှူရှင် ဦးအောင်ခိုင်ဦး+ဒေါ်မြမြစိမ်းတို့မှ ကမ္ဗည်း ကျောက်စာတိုင်နှင့်ဆိုင်းဘုတ်တို့အား အမွှေးနံ့သာများ ပက်ဖျန်း၍ ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ၄င်းအသင်းအတွက်  အလှူရှင် မိသားစုမှ အသင်းပိုင်မတည်ငွေ (၁၀) သိန်း ကျပ်နှင့် ပိုင်ဆိုင်မှုမြေစာရင်းပုံစံ (၁၀၅) အား လှူဒါန်းပေးပြီး မြရတနာလူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦးမှ အလှူရှင်မိသားစုကို ဂုဏ်ပြုလွှာများပြန် လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)