သုံးခွ နိုဝင်ဘာ ၁
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ဘိုးဘွားရိပ်သာတွင် ယမန်နေ့နံနက် ၉ နာရီက ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်Biometric ကောက်ယူမှု လုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ် လဝကမှူး ဦးထွန်းဆွှေကနိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးများ၊ မပျောက်မပျက်အောင်စနစ်တကျ ထိန်းသိမ်းရန်လိုအပ်ပုံတို့ကို ရှင်းလင်းပြောကြားပြီး လိုအပ်သောသက်သေခံအထောက်အထားများ၊ စာရွက်စာတမ်းများ စိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်နှင့်Biometric ကတ်ပြားများအား သက်ကြီး ဘိုးဘွားများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric ကွင်းဆင်းပြုလုပ်ပေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းနှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)