ပြည်ကြီးတံခွန် နိုဝင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ နံနက် ၈ နာရီက (ဃ)ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမော်ကြီးဦးဆောင်၍ (ဃ)ရပ်ကွက်လုံးဆိုင်ရာ (၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပခဲ့သည်။
အဆိုပါ မဟာဘုံကထိန်ပွဲတွင် ပင့်သံဃာတော် (၁၅)ပါးဖြင့် ရေစက်ချတရားနာ၍ ပင့်သံဃာတော် တစ်ပါးလျှင် ငွေ၁သိန်းကျပ်နှင့်လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် ဘုံကထိန်ပွဲတော်အတွက် အဘက်ဘက်မှ ပါဝင်လှူဒါန်းပေးကြသော အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး ယင်းဘုံကထိန်ပွဲတော်တွင် အလှူငွေ ငွေသားကျပ် သိန်းသုံးရာတစ်ဆယ့်ကျော်နှင့်လှူဖွယ်ပစ္စည်းများကို တံခွန်တိုင်ရပ်ကွက် ဓမ္မဂုဏ်ရည်ကျောင်း၊ ဆရာတော် ဦးဇနိန္ဒိထံ လှူဒါန်းပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်မင်းမောင်