မိုင်းယောင်း နိုဝင်ဘာ ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်မန်းအုပ်စု၊ ဝမ်ကော်လုံးကျေးရွာ၌ ယမန်နေ့က အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသက်ဆွေနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ကင်းစင်ရေး၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ လူငယ်ရေးရာနှင့် ရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ကြသည်။
ယင်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသက်ဆွေသည် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ စာရင်းစစ်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း