ကျောက်တန်း နို၀င်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ၀င်ငွေတိုးစီမံကိန်း အစီအစဥ်ဖြင့် ကျောက်တန်းမြို့နယ်တွင်၊ လူသုံးကုန်ထုတ်မှု နည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ (၃) နာရီက ကျောက်တန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားကို ကျောက်တန်းမြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးဖုန်းခန့်အောင်၊ တာ၀န်ရှိသူများ၊ သန်လျင်ခရိုင်၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ဆွေဇင်အေးနှင့် တာ၀န်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကျောက်တန်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ယာယီဥက္ကဋ္ဌ ဒေါ်ခင်အေးညွှန့်နှင့် အဖွဲ့၀င်များ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ ဥက္ကဋ္ဌ ဦးဖုန်းခန့်အောင်မှ သင်တန်းဆင်း အမှာစကားပြောကြားကာ ရန်ကုန်တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်ဆွေဇင်အေးက ယခုလိုသင်တန်းဖွင့်လှစ်ပေးခဲ့ခြင်းဖြင့် မိသားစုများ၀င်ငွေတိုးပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုများပြားစွာရရှိလာမည်ဖြစ်ကြောင်း လူနေမှုအဆင့်အတန်း ပိုမိုတိုးလာမှာဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါသင်တန်းအား သင်တန်းသား ၂၀ ဦးဖြင့် ဖွင်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။
နေလင်းကျော် (ပြန်/ဆက်)