ဝမ်းတွင်းမြို့နယ်တွင်  ဆန္ဒမဲပေးစက်အသုံးပြုနည်းကို ပြည်သူများအသိပညာပေးသရုပ်ပြ

ဝမ်းတွင်း နိုဝင်ဘာ ၁

ဝမ်းတွင်းမြို့နယ်တွင် ဆန္ဒမဲပေးစက်အသုံးပြုနည်းကို ပြည်သူများအသိပညာပေးသရုပ်ပြမှု့ကို ယမန်နေ့နံနက်က ဒိုင်ကောင်းကုန်းကျေးရွာ အထက်တန်းကျောင်းဝန်းအတွင်းရှိ ဓမ္မာရုံတွင် ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှု့ကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များက မဲပေးစက်နှင့်ဆန္ဒမဲပေးနည်းစနစ်များရှင်းလင်ပြီး တက်‌ရောက်လာသူများအား လက်တွေ့မဲပေးစကအသုံးပြု၍ မဲပေးစေခဲ့သည်။

မွန်းလွဲပိုင်းတွင် ဘုရားဖြူကျေးရွာအုပ်စု ရွာရှည်ကျေးရွာဘုန်းတော်ကြီကျောင်းတွင် မဲပေးစက်အသိပညာပေးသရုပ်ပြပွဲကိုကျင်းပရာ မဲပေးနည်းစနစ်များကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် မြိုနယ်ကော်မရှင်အဖွဲ့ဝင်များက မဲပေးစက်အသုံးပြုမဲပေးနည်းစနစ်တို့ကို  ဆွေးနွေးပြောကြားပြီး လက်တွေ့မဲပေးစက်အသုံးပြု မဲပေးမှုကိုဆောင်ရွက်ကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)