တောင်ကြီး နိုဝင်ဘာ ၁
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အဝေယာကုန်းသာယာ မီးပုံးပျံကွင်းကြီးအတွင်း၌ ကျင်းပလျက်ရှိသည့် နေ့လွှတ်အရုပ်ပြိုင်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းတွင် ဆက်လက်ယှဉ်ပြိုင် လွှတ်တင် လျက်ရှိသည်။
ယနေ့ပြိုင်ပွဲတွင် တောင်ကြီးမြို့ပေါ်ရပ်ကွက်များမှ အသင်းများ၊ ကုမ္ပဏီအသင်းအဖွဲ့များမှ အသင်းများ၊ တောင်ကြီးမြို့အနီးဝန်းကျင်မြို့ရွာများမှ ပြိုင်ပွဲဝင်အသင်းများမှ အတီး အမှုတ်အက အခုန်များဖြင့် ပျော်ရွှင်စွာ ပါဝင်ယှဥ်ပြိုင် လွှတ်တင်လျက်ရှိကြသည်။
အဆိုပါ နေ့လွှတ်အရုပ်ပြိုင်ပွဲတွင် ခြေနှစ်ချောင်းအမျိုးအစား၊ ခြေလေးချောင်း အမျိုးအစားနှင့် အုပ်စုအမျိုးအစား အစရှိသည်ဖြင့် ပါဝင်ယှဉ်ပြိုင်လွှတ်တင်လျက်ရှိကြပြီး မီးပုံးပျံ ဝါသနာရှင်များနှင့် ပွဲတော်လာဧည့်သည်များ စည်ကားသိုက်မြိုက်စွာ လာရောက်ကြည့်ရှုအားပေးကြကြောင်းနှင့် ယနေ့တွင် ပြိုင်ပွဲဝင်တစ်ကောင်ချင်း (၃၄) လုံးနှင့် အုပ်စု (၉)အုပ်စုတို့ ပါဝင်ယှဉ်ပြိုင် လွှတ်တင်ကြကြောင်း သိရှိရသည်။
အလားတူ တောင်ကြီးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများတို့က ဘုံကထိန်ခင်းကြပြီး ကျောင်းသား ကျောင်းသူလေးများတို့က ရိုးရာဝတ်စုံများဝတ်ဆင်ကာ အိုးစည်ဗုံမောင်းများဖြင့် ပျော်ရွှင်စွာ တီးမှုတ်ကခုန်ကာ စီတန်းလှည့်လည်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)